waing.1 photo jtjktyik_zps09901c53.gif

Monday, October 14, 2013

fackbook မှာ Log out လုပ်ဖို့ မေ့ခဲ့ရင်

Log out လုပ်ဖို့ မေ့ခဲ့ရင်


( တစ်ချို့ တွေက log out မလုပ်ဘဲ close နဲ့ဘဲ နှိပ်ပြီး ထွက်သွားတတ်ပါတယ်..ဒါဟာ လုံးဝမလုပ်သင့်တဲ့ အချက်ပါ.. လုပ်ခဲ့ရင် ဒီပို့စ်အတိုင်းအမြန်ပိတ်လိုက်ပါလို့.. herolisuguy)
 

အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူတာတွေမှာ ကိုယ့် facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက်ဖို့ မေ့နေတာမျိုးဖြစ်တတ်ကြမှာပါ... အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီတစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်...

ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာမလိုတော့ပါဘူး... အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံအဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူတာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်...

ပထမဆုံး သင့်အကောင့်ထဲကို log in ဝင်လိုက်ပါ... ဘယ်နေရာက ဘယ်ကွန်ပျူတာပဲဖြစ်ဖြစ်အရေးမကြီးပါဘူး... ပြီးရင် ညာဘက်အပေါ်ထောင့်က စက်သွားလေးကိုနှိပ်လိုက်ရင် menu လေးတစ်ခုကျလာပါလိမ့်မယ်... အဲ့ထဲက Account Setting ကိုသွားပါ...

အဲ့ဒီထဲကမှ ဘယ်ဘက်အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ... ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ...

အဲ့ဒီမှာ သင် log in ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကိုတွေ့ရပါလိမ့်မယ်... End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ်ဆိုရင် သင်ဝင်ထားသမျှစက်တွေအားလုံးမှာ log out လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်.... အဆင်ပြေကြပါစေ...

0 တစ်ခုခုရေးထားခဲ့ပါ:

Post a Comment

ပြောစရာများရှိရင်ရေးထားခဲ့ရန်

Related Posts Plugin for WordPress, Blogger...

Popular Posts