waing.1 photo jtjktyik_zps09901c53.gif

Sunday, September 29, 2013

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်(for computer)

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်(for computer)

နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။



Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။

How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt ဆိုပြီးထားရပါမယ်။

Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။

http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/

မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။

Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD ထုတ်လို့ရပါပြီ။

0 တစ်ခုခုရေးထားခဲ့ပါ:

Post a Comment

ပြောစရာများရှိရင်ရေးထားခဲ့ရန်

Related Posts Plugin for WordPress, Blogger...

Popular Posts