waing.1 photo jtjktyik_zps09901c53.gif

Sunday, September 29, 2013

သင့် facebook account ထဲက userတွေကို backup လုပ်ချင်ပါသလား

 

 သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား....
 

 Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...
ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ
General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...
သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...

Ref: Computer Hub
နှိုင်းရင့်နွေ

0 တစ်ခုခုရေးထားခဲ့ပါ:

Post a Comment

ပြောစရာများရှိရင်ရေးထားခဲ့ရန်

Related Posts Plugin for WordPress, Blogger...

Popular Posts