Gmail ထဲက Attachment ဖိုင်တွေ၊ Image ဖိုင်တွေ လွယ်လွယ်ကူကူကြည့်လို့ရစေမယ့် နည်းလမ်း(Chrome Only)

မိတ်ဆွေများခင်ဗျာ.. အင်တာနက်ကိုသုံးပြီဆိုကတည်းက Gmail လေးတစ်ခုစီတော့ ပိုင်ဆိုင်ထားကြမှာ အမှန်ပါပဲ.. ကိုယ့်အီးမေးထဲကို ဝင်လာတဲ့ Mail တွေထဲမှာ ဓါတ်ပုံဖိုင်တွေ၊ အခြား Attachment နဲ့ပို့တဲ့ဖိုင်တွေကို အီးမေးတစ်စောင်ချင်းမှာ လိုက်ရှာစရာမလိုဘဲ ကဏ္ဍလေးတွေအလိုက် ခွဲခြားထားလို့ရပါတယ်.. သုံးရမယ့် Browser ကတော့ Google Chorme ဖြစ်ပါတယ်.. အခြား Browser မှာတော့ မတွေ့ပါဘူး..
1. Chrome Browser ကို ဖွင့်ပါ..
2. အောက်က လင့်ကိုနှိပ်လိုက်ပါ..
https://chrome.google.com/webstore/detail/mikey-for-gmail/pfbeimpckikjpnjhcbpikdjnelnblhnn
3. တိုက်ရိုက် Install လုပ်ဖို့ Add to Chrome ဆိုပြီးပေါ်ပါမယ်..
တကယ်လို့များ မပေါ်ခဲ့ရင် ဘယ်ဘက်က Search Box မှာ Mikey for Gmail ဆိုပြီးရိုက်ထည့်. enter ခေါက်လိုက်ပါ.. ညာဘက်ခြမ်းမှာ List ကျလာပါမယ်.. အဲဒီထဲမှာ Mikey for Gmail ကိုရှာပြီး Add To Chrome ကိုနှိပ်ပေးလိုက်ပါ...
4. ပြီးသွားရင် Gamil ကို Sign in ဝင်ဖို့ လင့်ကျလာပါမယ်.. Sign in ဝင်လိုက်ပါ..
5. Connect Mikey to your Gmail ဆိုပြီးပေါ်လာပါမယ်.. ဒါဆိုရင် Connect ကိုနှိပ်လိုက်ပါ..
7. Gmail ထဲကိုရောက်သွားပြီး အပေါ်နားလေးမှာ ကဏ္ဍအလိုက် Email, Files, Links, Images ဆိုပြီး ခွဲပြထားပါတယ်.. ကြိုက်တာနှိပ်ပြီး သုံးနိုင်ပါပြီ..












0 တစ်ခုခုရေးထားခဲ့ပါ:
Post a Comment
ပြောစရာများရှိရင်ရေးထားခဲ့ရန်