waing.1 photo jtjktyik_zps09901c53.gif

Thursday, August 8, 2013

Folder Lcok 7.2.2 Final Full Version နှင့်အသုံးပြုနည်း

Folder Lcok 7.2.2 Final Full Version နှင့်အသုံးပြုနည်း


သူငယ်ချင်းတို့မှာ တခြားသူတွေကို မကြည့်စေချင်တဲ့ ဖိုင်လေးတွေ ဖိုလ်ဒါလေးတွေ ရှိချင်ရှိနေမှာပေါ့
အဲဒီလို ဖိုင်တွေဖိုလ်ဒါတွေကို ကိုယ်ကလွဲပြီး တခြားသူတွေမမြင်နိုင်သလို ဖွင့်လို့လည်းမရနိုင်အောင်
ဆောင်ရွက်ပေးမယ့် ဆော့ဝဲတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ဆော့ဝဲရဲ့နံမည်က Folder Lock ပါ .. နောက်ဆုံးထွက်ဗားရှင်းတွေရှိပေမယ့် ကျွန်တော်ကတော့ ဒီဗားရှင်းလေးကို တော်တော်သဘောကျလို့ ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုနေသလို သူငယ်ချင်းတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်တာပါ ..

ဒီဆော့ဝဲလေးက ကိုယ်သော့ခတ်ချင်တဲ့ ဖိုလ်ဒါတွေကို မြင်ကွင်းထဲကနေ ဖျောက်ထားပေးနိုင်တဲ့အပြင် Password သိမှလည်း ဖွင့်ကြည့်နိုင်မှာဖြစ်ပါတယ် ..


လုံခြုံမှုကိုစမ်းသပ်ချင်လို့ ကိုယ်ထင်ရာ Password တွေကို ရိုက်ထည့်ကြည့်နေမယ်ဆိုရင် သုံးခါအပြင်အမှားမခံပါဘူး .. Password သုံးခါမှားပြီး ရိုက်ထည့်ကြည့်မိတာနဲ့ "မင်းဟာ ပိုင်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခိုးယူဖို့ကြံနေတဲ့သူလို့ ယူဆပါတယ် .. ဒါကြောင့်မို့ မှန်ကန်တဲ့ Password ကိုရိုက်ထည့်ချင်ရိုက်ထည့်ပါ .. ဒါမှမဟုတ် ကွန်ပြူတာကို Restart ချပေးချင်ချပေးပါ .. အဲဒီနှစ်ခုအနက် တစ်ခုခုကိုလုပ်ပေးမှ ဒီကွန်ပြူတာထဲက တခြားသော Application တွေကိုပါ ဆက်လက်အသုံးပြုခွင့်ပေးပါမယ်" ဆိုတဲ့ သတိပေးစာတမ်းနဲ့အတူ ၀င်းဒိုးဟာ လုံးဝဆက်သုံးခွင့်မပေးပဲ Desktop ကြီးတစ်ခုလုံးကို လုံလုံခြုံခြုံနဲ့ ကာကွယ်ပေးထားတာကို တွေ့ရပါလိမ့်မယ် ..

ဒါဆိုရင် .. အဲဒီဆော့ဝဲကို တစ်ယောက်ယောက်က Uninstall လုပ်လိုက်ရင် သော့ခတ်ထားတဲ့ ဖိုလ်ဒါတွေ ဆုံးရှုံးသွားမှာလားလို့ မေးစရာတစ်ခုပေါ်လာပါမယ် ..

ဟုတ်ကဲ့ .. ကျွန်တော်လည်း စမ်းသပ်တဲ့အနေနဲ့ ဆော့ဝဲကို Uninstall လုပ်ကြည့်ပါသေးတယ် ..

"ပေးထားတဲ့ Password ကို မှန်ကန်အောင် မဖြည့်ပေးနိုင်လျှင် ဆော့ဝဲကို Uninstall လုပ်ခွင့် မပေးပါ " ဆိုတဲ့ စာတမ်းကြီး တက်လာပါလေရော ... ကဲ .. မိုက်တယ်နော် .. လုံသလားမမေးနဲ့ .. ဘယ်လိုမှကို ကြံလို့မရဘူး ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါဗျာ ..

Click Here

ဒေါင်းပြီးရင် Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
Install ပြီးတဲ့အခါ ပရိုဂရမ်ကို မ Run စေပဲ ပိတ်လိုက်ပါ
အင်တာနက်ကွန်နက်ရှင်ကိုလည်း ပိတ်လိုက်ပါ
ပြီးရင် medicine ဆိုတဲ့ဖိုဒါထဲက Activator ဆိုတဲ့ဖိုဒါထဲမှာရှိတဲ့ Batch ဖိုင်ကို အရင် Run လိုက်ပါ
Command Prompt ၀င်းဒိုးလေးပွင့်လာပါမယ်
ကြိုက်တဲ့ ကီးကို နှိပ်ပေးလိုက်ပါ အဲဒီ ၀င်းဒိုးလေး ပိတ်သွားပါမယ်
ပြီးရင် Folder Lock ကို Run လိုက်ပါ ပွင့်လာတဲ့ထဲက Help and support ကိုနှိပ်ပြီး ကျလာတဲ့ထဲက
Register ကို နှိပ်လိုက်ပါ


အဲဒီလို Register ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲက Serial Number အကွက်နဲ့ Registration key ထည့်ရမယ့်အကွက်ထဲမှာတော့ notepad ဖိုင်လေးနဲ့ ပေးထားတဲ့ထဲက ကြိုက်တဲ့ အတွဲကို ကူးယူပြီးထည့်လိုက်ပါ
ပြီးရင်တော့ Submit ကို နှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ
Batch ဖိုင်ကို အရင် မ Run ပဲ ကီးတွေထည့်ရင် Registration မအောင်မြင်ပါဘူး
အဲဒီ Batch ဖိုင်ကလည်း ၀င်းဒိုးစနစ်ထဲက Host ဖိုင်ကို ဒီဆော့ဝဲအတွက် modify လုပ်ပေးဖို့ ရေးထားတဲ့ Batch ဖိုင်မို့ အခုကျွန်တော်တင်ပေးထားတဲ့ Batch ဖိုင်အတွက် ဗိုင်းရပ်ကင်းစင်ကြောင်း အာမခံပါတယ်
ကဲသုံးနည်းကိုဆက်သွားကြရအောင်။
Desktop ပေါ်က Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

စသုံးသုံးချင်းဆိုရင်တော့ အဲဒီထဲက OK ဆိုတဲ့နေရာမှာ Set ဆိုတာလေး ဖြစ်နေပါမယ် (Password မသတ်မှတ်ပေးရသေးလို့ပါ) Enter Password ဆိုတဲ့အကွက်မှာ ကိုယ်ပေးချင်တဲ့ Password ကိုရိုက်ထည့်ပြီး Set  ကိုနှိပ်လိုက်ရင် ကိုယ့်ရဲ့ Password ကို Confirm လုပ်ခိုင်းဖို့နောက်ထပ် Password ထည့်စရာ ထပ်ပွင့်လာပါမယ် .. အရင်ထည့်ထားတဲ့ ကိုယ့်ရဲ့ Password အတိုင်းပဲ မလွဲအောင်ပြန်ရိုက်ထည့်ပေးလိုက်ရင် .. အောက်ကပုံအတိုင်းပွင့်လာပါမယ် ..(တခြား Box လေးတွေတက်လာရင်လည်း OK တို့ Close တို့ကိုနှိပ်ပေးလိုက်ပါ)


အဲဒီထဲက .. Browse ကိုနှိပ်လိုက်ရင် လော့ချမယ့်ဖိုလ်ဒါပွင့်လာပါမယ် .. အဲဒီထဲကို ကိုယ်လော့ချချင်တဲ့ ဖိုင် .. ဒါမှမဟုတ် ဖိုလ်ဒါ တွေကို ဆွဲထည့်လိုက်ရုံပါပဲ .. ပြီးရင် အဲဒီပွင့်နေတဲ့ Box ကိုပိတ်လိုက်ပါ ..

ပုံထဲမှာပါတဲ့ Lock ကိုနှိပ်လိုက်တာနဲ့ .. အောက်ကလို Box လေးတက်လာပါမယ်


ကြိုက်တာကိုနှိပ်ပေးလိုက်ပါ .. ( ကျွန်တော်ကတော့ Lock ဆိုတာကိုပဲ နှိပ်တယ်) အဲဒီလိုနှိပ်ပြီးပြီဆိုတာနဲ့ ကိုယ်ထည့်လိုက်တဲ့ဖိုင်တွေ ဖိုလ်ဒါတွေကို သော့ခတ်သိမ်းဆည်းပြီးသားဖြစ်သွားပါမယ် ..

အဲဒီဖိုင်တွေကိုကြည့်ချင်တဲ့အခါ Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့် ကိုယ်ပေးထားတဲ့ Password ကိုထည့်ပေးလိုက်တာနဲ့ ကိုယ်သိမ်းထားတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေပွင့်လာမှာဖြစ်ပါတယ် ..

0 တစ်ခုခုရေးထားခဲ့ပါ:

Post a Comment

ပြောစရာများရှိရင်ရေးထားခဲ့ရန်

Related Posts Plugin for WordPress, Blogger...

Popular Posts